ဘောဂလိ အောက်တိုဘာ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် Book Club အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးဇော်မင်းက လူကုန်ကူးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လူကုန်ကူး သူများ၏ အသုံးပြုလုပ်ဆောင်နေသည့် နည်းလမ်းများ၊ လူကုန်ကူးသူများ၏ ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုလုပ်ငန်းများ၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုကျူးလွန်ပါက ချမှတ်နိုင် သည့် ပြစ်ဒဏ်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ သတင်းပေးပို့နိုင်သည့် Hot Line ဖုန်းနံပါတ်များနှင့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍလုပ်ဆောင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရန်အတွက် နည်းပညာအခန်းကဏ္ဍများ မြှင့်တင်လုပ်ဆောင်ပြီး ပြည်သူ လူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ကြည်ကြည်ခိုင်