ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ကျိုက်ဒုံ အောက်တိုဘာ ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီက (ပြန်/ဆက်)ဝန်ထမ်းများက သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် အားလပ်နေသော ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရေးအတွက်ရည်ရွယ်ပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် အ.ထ.က(ကျိုက်ဒုံ)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်မှ ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်