လိပ်သို အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ” အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် မသန်စွမ်းသူများနှင့် သက်ဆိုင်သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ၊ မသန်စွမ်းသူများ ကိုဗစ်-၁၉ ရောဂါကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ၊ မသန်စွမ်းမှုကို သင်ဘယ်လိုနားလည်ပါသလဲ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအကြောင်း၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံမသန်စွမ်းသူများ၊ ဉာဏ်ရည်မသန်စွမ်းသူများ၊ ကာတွန်းပုံများ စသည့် အသိပညာပေးနံရံကပ်စာစောင်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လေးများ အသိပညာဗဟုသုတရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်း သိရသည်။
ခင်လေးနွယ်