ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign အရှိန်မြှင့်တင် ဆောင်ရွက်

ကျိုက်လတ် အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထများ ရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စျေးရောင်းစျေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီခွဲ အချိန်က အမှတ် (၃) ရပ်ကွက်၊ မြို့မစျေးကြီးအနီး (၇)ဖြတ်လမ်းနှင့် ဦးစန္ဒာလမ်းမကြီး လမ်းဆုံတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့မစျေးကြီးသို့ စျေးရောင်းစျေးဝယ် လာရောက်ကြသော ပြည်သူများနှင့် ယာဉ်မောင်းနှင်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ နှာခေါင်းစည်း Mask ကို အပြင်ထွက်တိုင်း တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန်အတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို ဖြန့်ဝေ၍ Mask campaign အရှိန်မြှင့်တင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးထွန်းဆွေ၊ အတွင်းရေးမှူး ရဲမှူးစိန်လွင်အောင်တို့က ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)