စုကလိမြို့တွင် ဝင်ငွေတိုးဖို့ စိုက်ကြပါစို့ ဆီနေကြာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

စုကလိ    အောက်တိုဘာ   ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် မြို့နေတောင်ယာစိုက်သူများအား အသိပညာဗဟုသုတရရှိစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး နေကြာဆီတိုးချဲ့ စိုက်ပျိုးနိုင်ကြစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်ကစုကလိမြို့ ပြည်သူ့စာကြည့်တိုက် Community Center တွင် ကျင်းပပြုလုပ်ခဲ့ပေးသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်မှ နေကြာသီးနှံ စိုက်ပျိုးရေး နည်းစနစ်ကောင်းများအကြောင်း၊ နေကြာစိုက်ပျိုးရန် မြေအမျိုးအစားများ၊ မည်သည့်ရာသီဥတု တွင်စိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်၊ စိုက်ပျိုးနိုင်သည့်နေကြာ မျိုးစိတ်များအကြောင်း၊ ရုပ်သံကျွမ်းကျင်- ၃(ပြ) ဦးကိုကိုအောင်မှ နေကြာပင်များ အောင်မြင်ဖြစ်ထွန်းချိန်တွင် အပင်များအား ပြုစုစောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း နည်းစနစ်များအား အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေး နံရံကပ်စာစောင်အား ပြည်တွင်းစားသုံး ဆီဖူလုံဖို့ နေကြာစိုက်ကြစို့ ခေါင်းစဉ်ဖြင့် ပြသထားရာတွင် နေကြာဆီ ပန်းတိုင်အထွက်နှုန်းရရှိစေရေးမည်ကဲ့သို့ စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ နေကြာဆီအသုံးဝင်ပုံ၊ ပြည်တွင်းစားသုံးမှု ဖူလုံ ရေးတို့ကို အသိပညာဗဟုသုတရစေရန် နံရံကပ်ပြဘုတ်များပြသဆောင်ရွက်ထားရှိသည်။

ထိုအသ်ိပညာပေး Talk Show အား We Love Sukali Page တွင် အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုပိုအောင်