ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) အပိုဆောင်းထိုးနှံ

ရွှေသောင်ယံ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ ကျူတောကျေးရွာ အသင်းတော်ခန်းမဆောင်တွင် ယနေ့ နံနက် (၉)နာရီမှစတင်၍ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Booster အပိုဆောင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံရာတွင် ရွှေသောင်ယံမြို့၊ သပေါ့ကန် ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ဆရာ၊ ဆရာမများမှ ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း၊ သဲကုန်ကျေးရွာအုပ်စုအတွင်း ကျူတောကျေးရွာမှပြည်သူများ လာရောက်ထိုးနှံကြကြောင်း ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ လိုက်လံနှိုးဆော် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာ၌ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သပေါ့ကန် ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ သဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)