ရေဖြူ အောက်တိုဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီက Bakery နှင့်Birthday Cake ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးမြင့်နိုင်နှင့် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးအောင်တို့က သင်တန်းဖွင့်အမှာစကား ပြောကြားကြောင်းသိရသည်။
အဆိုပါသင်တန်းတွင်( Smart Village)မင်းဒပ်ရွာ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိဝင်ငွေတိုးစေရန်၊ အသုံးစရိတ်ချွေတာတတ်စေရန်၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်၍ လက်တွေ့ဘဝမှာပြန်လည်အသုံးချတတ်စေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း နည်းပြဆရာမ ဒေါ်ရီရီ လွင်က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင်ကိတ်မုန့်အမျိုးမျိုးနှင့် မွေးနေ့ကိတ်ပြုလုပ်နည်းပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၅)ဦးတက်ရောက်ကာ သင် တန်းကာလ (၅)ရက်တာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ခတ္တာ