ကေ့ာကရိတ် အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ပြင်ထွက်သွားလာကြသည့် ပြည်သူ့များအား Mask နှာခေါင်းစည်းတပ်ဆင်၍သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲချိန်က မြို့မစျေးကြီးရှေ့တွင် သွားလာနေသည့် ပြည်သူများအား Mask နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် ပြည်သူများအနေဖြင့်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ အိမ်အပြင်ထွက်သွားလာနေကြ သည့် ပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေးအတွက်မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ အိမ်ပြင်ထွက်သွား လာနေကြသည့်ပြည်သူများအား Mask နှာခေါင်းစည်း တပ်ဆင်၍ သွားလာရေး အသိပေးနှိုးဆော်ပြီး Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)