လောင်းလုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် တားဆီးကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

လောင်းလုံး အောက်တိုဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများပါဝင်သည့် အကြောင်းအရာများ၊ စနစ်တကျလက်ဆေးရန်၊ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရန် စသောအကြောင်းအရာများ ပါဝင်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း