သံတောင်ကြီး အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၊ ဘုရင့်နောင်တပ်နယ်မှတပ်နယ်မှူးဗိုလ်မှူးချုပ် ခင်မောင်စိုး၏ လမ်းညွန်မှုဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၉)နာရီအချိန်က ဘုရင့်နောင်တပ်နယ်ရှိ တပ်မတော်သားများက သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက်လမ်းဆုံတွင် ဆန်၊ စားအုန်းဆီ၊ အသားငါးများ၊ ကြက်ဥနှင့်အခြေခံစား သောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်နှင့်အအခြေခံစားသောက်ကုန်များအား လာရောက်ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ကျပ်(၁၀၀၀) ကြက်ဉ (၇)လုံးလျှင်ကျပ်(၁၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ်(၆၆၀၀)၊ ကြက် သွန်နီတစ်ပိဿာကျပ်(၄၂၀၀)၊ ငါးကြင်းတစ် ပိဿာလျှင်ကျပ်(၆၅၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်(၃၆၀၀)၊ ချင်းတစ်ပိဿာလျှင်ကျပ်(၁၀၀၀)၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ကျပ်(၁၀၀၀) နှင့်အခြားစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးရာ ဒေသခံပြည်သူများက ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ဝယ်ယူကြကြောင်း သိရသည်။
နော်နော်မူ