ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူး​ပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် ကျောက်မဲကျေးရွာမှ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ

ကံမ အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးရဲထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်(၁) နာရီက ကျောက်မဲကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြသည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးရဲထွဋ်က ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ မိမိတို့ရပ်ရွာ လုံခြုံရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍   မြို့နယ်စီမံအုပ်​ချုပ်​​​​‌ရေးအဖွဲ့  အဖွဲ့ဝင်(၂) ဦးခင်ဦးက ဆောင်းနေကြာ သီးထပ် သီးညှပ် စိုက်ပျိုးရေးနှင့် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီးရှင်းလင်းဆွေး‌နွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)