ပုသိမ်မြို့အား Clean City ဖြစ်လာစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပုသိမ် အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့အား Clean City ဖြစ်လာစေရေးအတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ပြည်တော်သာ ဝန်ထမ်းအိမ်ယာ အတွင်း စုပေါင်းသန့်ရှင်းရေးအား ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တော်သာဝန်ထမ်းအိမ်ယာအတွင်းရှိ ရေမြောင်းများ ခြုံနွယ်ပိတ်ပေါင်းများ ကို ရှင်းလင်းခြင်းကြောင့် ခြင်များခိုလုံခြင်းပေါက်ပွားခြင်းကင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ခြင်းလည်းဖြစ်ကာ မြို့တော်သန့်ရှင်းသာယာ လှပစေကြောင်း အမှတ် ၄ ရပ်ကွက်အုပ်ချုပ် ရေးမှူးက ပြောကြားသည်။

ပြည်တော်သာဝန်ထမ်းအိမ်ယာတွင် သန့်ရှင်းရေဆောင်ရွက်ရာတွင် လူအင်အား ၆၀ ဦးက မြို့သန့်ရှင်းရေး ကို စုပေါင်း၍ လုပ်ဆောင်ခဲ့ကြောင်း သိရပြီး အမှိုက်များကို ပုသိမ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် လိုက်လံသိမ်းဆည်းပေးခဲ့ပြီး သတ်မှတ်နေရာများသို့ စနစ်တကျသွားရောက် စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်