ငပုတော အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၏ ဆွမ်းသိမ်းပွဲကို တောင်ပိုင်းရပ်ကွက်၊ မဂ္ဂင်လမ်းရှိ (စနေပတ်) သံဃာဒါန ဆွမ်းလောင်းအသင်းကြီး၏ ဓမ္မာရုံတွင် ယနေ့ နံနက် (၅)နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆွမ်းလောင်းအသင်းကြီး၏ အကျိုးတော်ဆောင်များနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြ သည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကြပြီးနောက် မြို့နယ်သံယာ့နာယက ဒုတိယဥက္ကဋ္ဌ ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာမိ အရှင်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နောက် သံဃာတော်အရှင်သူမြတ်များမှ ရွတ်ဖတ်သရဇ္ဇာယ်တော်မူကြ ကုန်သော မေတ္တာသုတ်နှင့် (၂၄)ပစ္စည်း အစရှိသည်တို့ကို နာယူကြည်ညိုတော်မူကြသည်။ ထို့နောက် ဘဒ္ဒန္တဝဏ္ဏသာမိ အရှင်သူမြတ် ထံမှ အနုမောဓနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အာရုဏ်ဆွမ်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
စနေ့ပတ် သံဃာ့ဒါန ဆွမ်းလောင်းအသင်းကြီးသည် ဝါတွင်းကာလပတ်လုံး ငပုတောမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်အရှင်သူမြတ်တို့အား ဌာနဆိုင်ရာများနှင့် အပတ်စဉ် စနေနေ့တိုင်း အာရုဏ်ဆွမ်းများ လောင်းလှူခဲ့ပြီး ဆွမ်းသိမ်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတော)