ဇီးကုန်းမြို့နယ်တွင် ပန်းအလှပြင် သင်တန်းဖွင့်လှစ်

ဇီးကုန်း အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပန်းအလှပြင်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်ဝင်းမာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်နှင့် အဖွဲ့ဝင်များနှင့် ပန်းအလှဆင်ခြင်းတွင် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းမာနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်မျိုးမျိုးလှိုင်က စားပွဲတင်ပန်း အလှဆင်နည်း၊ အလှပန်းစည်း ပြုလုပ်နည်းနှင့် လက်ဆောင်ပန်းစည်း ပြုလုပ်နည်းများကို လက်တွေ့ပြုလုပ် သင်ကြားပြသခဲ့ပြီး၊ သင်တန်းတက်ရောက်သူများကလည်း လက်တွေ့ပါဝင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)