ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်

ကြံခင်း အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စားသုံးသူပြည်သူများ မိမိတို့ရရှိမည့် အခွင့်အရေးများကို သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန (မြို့နယ်တာဝန်ခံ) ဦးကျော်နိုင်ဝင်းမှ ကုန်စည် အမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ကုန်စည်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချပုံ နည်းစနစ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်အရ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြရန်၊ CICC ၏ အဓိပ္ပါယ် (Commerce information and comlaint Center) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်(၅)ချက်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုဆိုင်ရာအချက်များ၊  တိုင်ကြားနိုင်သည့် Call Centre (1535)သို့ ဆက်သွယ်နိုင်ကြောင်း၊  တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)