မြန်အောင် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ တာဝတိံသာမြတ်စွာ ဘုရားကြီး (၁၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
မြန်အောင်မြို့ တာဝတိံသာဘုရားဇောင်းတန်းမှ မြတ်စွာဘုရားသခင်ကိုယ်တော် မြတ်ကြီးသည် နတ်ဒေဝါများ ခြံရံလျက် ကြွမြန်းတော်မှုပြီး သံဃာတော်(၁၃၅)ပါး ခြံရံ၍ မြန်အောင်မြို့အတွင်းသို့ ဒေသစာရီကြွမြန်းတော်မူခဲ့ သည်။
ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်တွင် ဘုရားအမှူးရှိသော သံဃာတော်(၁၃၅)ပါး မြို့အတွင်းသို့ ဒေသစာရီကြွမြန်း ရာ လမ်းတစ်လျှောက်၌ မြို့နယ်သူ၊ မြို့နယ်သားများမှ ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထူပစ္စည်းများ လောင်းလှူ ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)