ကြံခင်း အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြို့မရပ်ကွက် တာဝတိံသာလမ်းရှိ တာဝတိံသာဘုရားကြီး၏ (၁၄၄)ကြိမ်မြောက် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ တာဝတိံသာဘုရားဆင်းပွဲတော်ကို ယမန်နေ့ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်လုံးဆိုင်ရာ တာဝတိံသာဘုရားကြီး သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ဝါတွင်း(၃)လပတ်လုံး တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားပြီး လူ့ပြည်သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ကြွဆင်းတော်မူလာသော ဂေါတမ ဘုရားရှင်အား ကြံခင်းမြို့ တာဝတိံသာဘုရားဇောင်းတန်းမှ နတ်ဗြမ္မာများခြံရံလျက် ဘုရားရှင် ကြွတော်မူပြီး တာဝတိံသာဓမ္မာရုံတွင် ကိန်းဝိပ်အပူဇော်ခံခြင်း၊ အလှူရှင်များမှ ဝါကျွတ်ကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး စုပေါင်းရေစက် သွန်းချပွဲကြီး ကျင်းပကြောင်း သိရသည်။
အဆိုပါ တာဝတိံသာဘုရားဆင်းပွဲတော်ကို သီတင်းကျွတ်လဆန်း (၈)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ ဘုရားဆင်းပွဲတော် ကျင်းပပြီး၊ လပြည့်ကျော်(၂)ရက်နေ့တွင် တာဝတိံသာဘုရားရှင်အား အမှူးထားပြီး မြို့ပေါ်ကျောင်းပေါင်း (၃၈)ကျောင်းမှ သံဃာတော်များက ကြံခင်းမြို့နယ်အတွင်း ဒေသစာရီ လှည့်လည်အပူဇော် ခံကြွမည်ဖြစ်ကြောင်း ဘုရားဂေါပက အကျိုးတော်ဆောင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)