တန်ဆည်မြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် မြို့နယ်ကိုဗစ်-၁၉ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး ကော်မတီနှင့် တွေ့ဆုံ

တန့်ဆည် စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းသည် ယမန်နေ့ ညနေ ၄နာရီအချိန်က တန့်ဆည်မြို့ မြို့နယ် ပြည်သူ့ဆေးရုံ သို့ရောက်ရှိပြီး တန့်ဆည်မြို့ နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့တို့နှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် လူမှုရေးဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိပြီး ကူးစက် ခံရသည့်သည့် မြို့နယ် (၈) မြို့နယ်ရှိလာပြီဖြစ်ကြောင်း၊ ရောဂါပိုးဆက်လက် မပြန့်ပွားစေရေးအတွက် ကျန်းမာရေးဌာန တစ်ခုတည်းသာမဟုတ်ဘဲ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့် အညီ တိတိကျကျလိုက်နာပါက ဒီရောဂါပိုးကိုထိန်းချုပ် နိုင်ပြီး တိတိကျကျ မလိုက်နာနိုင်ပါက ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း ရှင်းလင်း​ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုပေါ်မတီဥက္ကဌဦးကျော်စွာမင်းကတန့်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ရှင်းလင်းပြောကြား ပြီးမြို့နယ်ကုသရေး ဦးစီးမှူး ဒေါက်တာအောင်ဇော်မိုးက ဓာတ်ခွဲနမှုနာ စစ်ဆေးနိုင်မှုအခြေအနေများနှင့်ပိုးတွေ့ လူနာ အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို မှာကြားပြီးကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသို့ ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ကာ ဆေးရုံအတွင်းကြည့်ရူ့စစ်ဆေးခဲ့ရာ မြို့နယ်မှတာဝန်ရှိသူများက ပိုးတွေ့လူနာထားရှိရာ Isolation Ward အခန်းပြင်ဆင်ထားရှိမှု အခြေအနေများအပါအဝင် ကျန်းမာရေး စောင့်ရှောက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ခဲ့ကြရာ လူမှုရေးဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)