ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်ရုံးပိတ်ရက်တွင် လျှပ်စစ်ရောင်စုံမီးများဖြင့် မီးထွန်းပူဇော်ရာ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ဇလွန် အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်​မြို့နယ် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်ရုံးပိတ်ရက်တွင် ယမန်နေ့ ညနေ ၆ နာရီတွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှစ၍ လပြည့်ကျော်(၁)ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)