မင်းလှမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလယူကြသူများနှင့် ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့် စည်ကားများပြားလျက်ရှိ

မင်းလှ အောက်တိုဘာ ၉

မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်သည့် သီးတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင်  ဘုရား၊ စေတီ၊ ပုထိုး၊ ဘုန်းတော်ကြီး ကျောင်းများတွင် ကောင်းမှုကုသိုလ် ဒါနများ ပြုလုပ်ကြလျက် ရှိရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ယနေ့နံနက်ပိုင်းက ဥပုသ် သီလယူကြများနှင့် ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့် စည်ကားများပြားလျက် ရှိကြောင်း သိရသည်။

ဘုန်းတော်ကြီး ကျောင်းများတွင် ဝတ်အသင်းအဖွဲ့များက အဘိဓမ္မာဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဒေသခံပြည်သူများက ဘုရားပန်းများ လှဲလှယ်ခြင်း၊ သစ်သီးဆွမ်းများ ဆက်ကပ်ခြင်း၊ အဟာရဒါန‌ ကျွေးမွေးခြင်း၊ ဆရာတော် သံဃာတော်များကို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ဥပုဒ်သီလတရားများ နာယူခြင်း၊ ရေစက်သွန်းချ အမျှတန်း ပေးဝေခြင်းတို့ဖြင့် ကောင်းမှု ကုသိုလ်‌ ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)