မိုးညိုမြို့နယ်ရှိ ရွှေဘုန်းပွင့် ဆုတောင်းပြည့် ဖောင်တော်ဦး စေတီတော်မြတ်ကြီးတွင် ဘုရားဖူး လာရောက်သူများဖြင့် စည်ကားလျက်ရှိ

မိုးညို အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာရှိ မဏိစည်သူ မင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့် ဆုတောင်းပြည့် ဖောင်တော်ဦး စေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။

ယနေ့သည် ၁၃၈၄ခု၊ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့်အတွက် ဘုရား‌၊ စေတီ၊ ပုထိုးများတွင်  သီလဆောက်တည်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ စတုဒီသာများ ကျွေးမွေး ဧည့်ခံခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိရာ ဘုရားငူကျေးရွာရှိ  ရွှေဘုန်းပွင့် ဆုတောင်းပြည့် ဖောင်တော်ဦး စေတီတော်မြတ်ကြီး၌ ဘုရားဖူး လာရောက်သူများ စည်ကားလျက်ရှိပြီး ဘုရားဖူး လာရောက်သူများက မြတ်စွာဘုရားရှင်အား ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူခြင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ ဘုရားဖူး လာရောက်သူများအား အာဟာရဒါနများဖြင့် ကျွေးမွေးဧည့်ခံခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက် ရှိသည်။

အဆိုပါ ဘုရားဖူး လာရောက်ရာတွင် မိုးညိုမြို့ပေါ်နှင့် ကျေးရွာများမှ ဘုရားဖူးပြည်သူများက ကား၊ ဆိုင်ကယ်၊ စက်လှေများဖြင့် တပျော်တပါး ဘုရားဖူးလာရောက်လျက် ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)