ကျောက်မြောင်း စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် လိုက်လံအသိပေးကြေညာခြင်း များကို ယမန်နေ့ ည ၇ နာရီအချိန်က မြို့အတွင်း လှည်လည် အသိပေး ကြေညာခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ လိုက်လံအသိပေးကြေညာခြင်းများကို ကျောက်မြောင်းမြို့ ရှိမြို့စည်ပင်သာယာရေး အဖွဲ့မှ အမှု ဆောင်အရာရှိ ဦးသန့်သူအောင် နှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ထုတ်ပြန်ထားသည့် စည်းကမ်းများအား လိုက်နာဆောင်ရွက်နိုင်ရန်နှင့် လိုက်နာမှုမရှိသည့် အရောင်းဆိုင်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)