ကျောက်တံခါးမြို့နယ် ကန်ကလေးကျေးရွာအုပ်စုအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့

ကျောက်တံခါး  အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ် အထက်ရှိ ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျှက်ရှိရာ ယမန်နေ့က ကန်ကလေးကျေးရွာ အတွင်းရှိ အဘိုအဘွား(၁၁)ဦး အား သွားရောက်ထောက်ပံ့ခဲ့သည်။

အဆိုပါ ထောက်ပံ့ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  လူမှုဝန်ထမ်း ဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးကို တစ်လ လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာ ကျပ်သုံးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဘိုး၊ အဘွား (၁၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၃၀၀၀၀/)ကျပ် (သုံးသိန်းသုံးသောင်း) တိတိကို ထောက်ပံ့ ပေးခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)