ဟားခါးမြို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုတ်မပျက် ထိုးနှံပေး

ဟားခါး အောက်တိုဘာ ၇

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုလုပ်မီ ဆေးထိုးမှတ်တမ်းများတွင် စာရင်းများရေးသွင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက သတ်မှတ်ထားသည့်နေရာတွင် မိနစ်(၃၀)ကြာ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။

ယခုထိုးနှံသည့် ကာကွယ်ဆေးကို ဟားခါးပြည်သူ့ဆေးရုံကြီး၊ မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအသင်း၊ စုပေါင်းရုံးနှင့်အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းများ၌ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မောင်ထွန်းတောက်