သရက် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပီတိပညာရေး ပရဟိတမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၈၅)နှစ်အထက် ဆရာကြီး/ဆရာမကြီး (၅)ဦးအား အာစရိယပူဇော်ပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပီတိပညာရေးမှ ဆရာကြီး/ဆရာမကြီးများက ဩကာသ ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုးကန်တော့ပြီး အသက်(၈၅)နှစ်အထက် ဆရာကြီး/ဆရာမကြီး များအား တစ်ဦးလျင် အလှူငွေ(၄)သောင်းကျပ်စီ ကန်တော့ခဲ့ကြသည်။ ထို့နောက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများမှ ဩဝါဒစကား မြွတ်ကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)