ဒိုက်ဦး အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ မြို့ဦးပရိယတ္တိစာသင်တိုက်ရှိသံဃာတော်များအား Second Booster ဆေးထိုးနှံပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့ဦးပရိယတ္တိစာသင်တိုက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
Second Booster ဆေးထိုးနှံခြင်းကို တိုင်းကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်မိုးမိုးအေးက အနီးကပ်ကြီးကြပ်ပြီးဆရာတော်/သံဃာတော် အပါး ၉၀ အား ကျန်းမာရေးဝန်ထမ်းများက Second Booster ဆေးထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆေးထိုးနှံရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့်ဌာနဆိုင်ရာအကြီးအကဲများက သံဃာတော်များအားလာရောက်ပူ ဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)