ကျောက်တံခါးမြို့နယ်၌ စည်ပင်သာယာစျေးမှ စျေးသည်များအား ကိုဗစ်-၁၉ ရောဂါ  ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး

ကျောက်တံခါး  အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စည်ပင်သာယာစျေးအတွင်းရှိ စျေးသည်များအား ကိုဗစ်-၁၉ ရောဂါ  ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့က တောကျွဲအင်း စည်ပင်သာယာစျေးရုံးခန်းမတွင် ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာသို့  ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်သာယာအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)