၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုံးအောင်မြင်ခဲ့သည့်ကျောင်းသားအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျောက်တံခါး အောက်တိုဘာ 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊  ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုံးအောင်မြင်ခဲ့သည့် ကျောင်းသားအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်()နာရီက အခြေခံပညာအထက်တန်း (ကျောက်တံခါး)ကျောင်း ပတ္တမြားခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်း(ကျောက်တံခါးကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်  ထူးချွန်ဆုံးအောင်မြင်ခဲ့သည့် ကျောင်းသားမောင်ဝေထက်အောင်အား ထွန်းစားသောက်ဆိုင်မိသားစုမှ ဒေါ်စန်းစန်းလှက (ဒေါ်လှလှဝင်းပညာသင်ဆု(၁၉၈၂))ဆုကို ချီးမြှင့်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။    

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ခံများ၊ ဆရာဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)