ခန္တီး အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အောက်တိုဘာလ(၇)ရက် နံနက်(၉)နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး သက်ထူးစံက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား အသီးသီးပေးအပ်ရာ သင်တန်းသူများမှ လက်ခံရယူခဲ့ကြသည်။ ထို့နောက် အိမ်တွင်းမှုကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနုငယ်က သင်းတန်းဆင်းအောင် လက်မှတ်များအားပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်နှင့် လက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)