အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ကျေးရွာများအရောက် ရောင်းချပေး

ပန်းတနော် အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ပြည်သူ များသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့်  ရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဘဝိုင်းကျေးရွာအုပ်စု စာဖြူစုကျေးရွာတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ထို့သို့ ရောင်းချပေးရာတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဆန်(၁)ပြည်ငွေကျပ် ၁၀၀၀၊ အိုင်အိုဒင်းဆား (၁)ထုပ် ၂၅၀ ကျပ်၊ ကြက်ဥဘဲဥများနှင့် ဟင်းသီးဟင်းရွက်များကို ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)