အောင်လံမြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

အောင်လံ အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့အထက(၁)ရွှေရတုခန်းမတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်မှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာမျိုးလွင်မှ သင်တန်းလမ်းညွှန်အမှာစကားပြောကြားကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျေုာ်နိုင်မှ သင်တန်းဖွင့်လှစ်ခွင့်ရရှိသည့်အတွက် ဝမ်းသာဂုဏ်ယူလျက်ရှိကြောင်းနှင့် သင်တန်းတက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တတ်မြောက်ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် သင်တန်းကာလ(၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကို အထက(၁) ကျောင်းသား၊ ကျောင်းသူများသာမက အထက(၂)၊ အထက(၃) ကျောင်းသား ကျောင်းသူ စုစုပေါင်း(၅၀)ဦး တက်ရောက်ကြသောကြောင့် မြို့နယ်ပညာရေးမှူး ဦးချစ်လွင်မှ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခြားဌာနဆိုင်ရာများ မြို့နယ်ကြက်ခြေနီအသင်းနှင့် စိတ်အားထက်သန်စွာ ပါဝင်ကြသည့် ကျောင်းသား၊ ကျောင်သူများအား ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ထွေး(ပြန်/ဆက်)