ဝါးခယ်မမြို့နယ်၌ စိုက်ပျိုးစရိတ်ချေးငွေများ စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဝါးခယ်မ အောက်တိုဘာ ၇

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများ စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရေးညှိနှိုင်းအစည်း အဝေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲသို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ စီမံခန့်ခွဲရေး အထွေထွေ‌မန်နေဂျာ ဦးအောင်ကျော်ဦး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် (ရုံးချုပ်)မှ ဘဏ်တွင်းစာရင်း စစ်‌ဆေးရေးဌာနခွဲ ဒုတိယအထွေထွေ‌မန်နေဂျာ ဦးသိန်းထိုက်၊ ဝါးခယ်မ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝါးခယ်မ မြို့နယ်ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးရည်မွန်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး စီမံခန့်ခွဲရေး အထွေထွေ‌ မန်နေဂျာ ဦးအောင်ကျော်ဦးမှ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးနိုင်ရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ မိုးချေးငွေ၊ ဆောင်းချေးငွေ၊ မိုးကြို ချေးငွေနှင့် ပတ်သက်သည့်  ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ကိုဗစ်ချေးငွေနှင့်ပတ်သက်သည့် ကိစ္စရပ် များအား ရှင်းလင်း‌ဆွေးနွေးခြင်း၊ ပုံစံ(၇)မရှိသည့် တောင်သူလယ်သမားများနှင့် ပတ်သက်သည့်‌ချေးငွေ ကိစ္စရပ်များအား ရှင်းလင်း‌ဆွေးနွေးခြင်းနှင့် ချေးငွေကြွေးကျန် ကိစ္စရပ်များအား ရှင်းလင်း‌ဆွေး‌နွေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ မိုးချေးငွေ၊ ဆောင်းချေးငွေ၊ မိုးကြိုချေးငွေ၊ ကိုဗစ်ချေးငွေ စသည့်ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ပြန်လည်ပေးဆပ်နိုင်ရေး ကိစ္စရပ်များအား ရှင်းလင်း‌ဆွေး‌နွေခြင်း၊ ဘဏ်တွင်းစာရင်းစစ်‌ဆေးရေးဌာနခွဲ ဒုတိယအထွေထွေ‌မန်နေဂျာ ဦးသိန်းထိုက်မှ အချိန်စေ့ကြွေးကျန် (NPL)များထိရောက်စွာ ကျဆင်းရေး‌ဆောင်ရွက်မည့် စီမံချက်များအား ရှင်းလင်း‌ဆွေးနွေးခြင်းနှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝါးခယ်မမြို့နယ်ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးရည်မွန်က ချေးငွေထုတ်ချေးရေး၊ ကောက်ခံရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီထုတ်ချေးငွေ ကျေးရွာအုပ်စု(၁၂၂)အုပ်စု၊ တောင်သူ(၆၅၄၁)ဦး၊ လယ်ဧက (၃၉၇၈၉)အတွက် ချေးငွေ (၅၉၆၈.၃၅)ကျပ်သန်း၊ ၂၀၂၂ ခုနှစ် ဆောင်စပါးထုတ်ချေးရန် လျာထားချက်မှာ ကျေးရွာအုပ်စု(၁၃၁)အုပ်စု၊ တောင်သူ(၉၄၄၁)ဦး၊ လယ်ဧက(၅၀၉၂၀)ဧကအတွက် ငွေ(၇၁၆၇.၀၅)ကျပ်သန်း၊ ၂၀၂၂ ခုနှစ် နေကြာသီးနှံထုတ်ချေးရန် လျာထားချက်မှာ ကျေးရွာအုပ်စု(၆၃)အုပ်စု၊ လယ်ဧက(၆၃၀၆)ဧက အတွက် ငွေ(၉၄၅.၉၀)ကျပ်သန်းထုတ်ချေးရန် လျာထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)