ပုသိမ် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၅ နယ်မြေ၊ ပန်းတင်ကုန်းရပ်ကွက် ကုမုဒ္ဒရာလမ်းတွင် ထုတ်လုပ် ရောင်းချသော သီတင်းကျွတ် မီးပုံးအရုပ်ကလေးများ ရောင်းအားကောင်းကြောင်း၊ သီတင်းကျွတ် မီးပုံးအရုပ် ကလေးများ ထုတ်လုပ်ရောင်းချသူ ဦးသောင်းဟန်က ပြောသည်။
သီတင်းကျွတ်ပွဲတော်မှာ မီးပုံးတင်လွတ်ခြင်း၊ ရောင်စုံမီးပုံးများဖြင့် လမ်းတွေမှာ ထွန်းညှိအလှဆင် ကြရာမှာ သီတင်းကျွတ် မီးပုံးများစွာ ပြုလုပ်ရောင်းချလျှက်ရှိရာ ကျနော်က “သီတင်းကျွတ်ပွဲတော် မှာ ကလေးများ ပျော်ရွှင်စရာ ကစားစရာအဖြစ် မီးပုံးများကို ယုန်ရုပ်မီးပုံး၊ ကြက်ရုပ်၊ လေယာဉ်၊ သင်္ဘော၊ ဒေါင်းရုပ်မီးပုံးများ ကလေးငယ်များ စိတ်ဝင်စားနှစ်သက်မှုရှိအောင် ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း၊ ရောင်းအားလည်း ကောင်းတယ်၊ မိသားစုဝင်ငွေလည်း အဆင်ပြေကြောင်း” ပြောသည်။
သီတင်းကျွတ် မီးပုံးအရုပ်ကလေးများကို သာပေါင်းမြို့၊ ငပုတော၊ ကျောင်းကုန်း၊ ပုသိမ်မြို့ အရုပ်ဆိုင်များမှ လာရောက်ဝယ်ယူကြောင်း သိရသည်။ မီးပုံးအရုပ်ကလေးတွေရဲ့ စျေးနှုန်းက ၁၀၀၀ ကျပ်၊ ၁၅၀၀ကျပ်၊ ၂၀၀၀ကျပ်နှုန်းများနဲ့ ရောင်းချရကြောင်း ထုပ်လုပ်သူက ပြောသည်။ မီးပုံးရုပ်များ ထုပ်လုပ်ဖို့ ဝါးများကို တပေါင်းလထဲမှာ ကြိုတင်ဝယ်ယူပြီး ဝါးများကို ခွဲစိတ်အရုပ် ပုံစံများချိုးပြီး ကြပ်တိုက်ထားကာ ရောင်စုံ ဆီစိမ်စက္ကူများ ကြိုတင်ဝယ်ယူပြီး သီတင်းကျွတ်လ မရောက်မှီ ၂ လအလိုမှာ အရုပ်များအား ရောင်စုံစက္ကူ များကပ်ရပြီး သီတင်းကျွတ်လမရောက်မှီ ဖောက်သည်ယူနေကြကာ မြို့နယ်များမှ လာရောက်ဝယ်ယူကြ ကြောင်း သိရသည်။
မြင့်ဟန်