ရွှေတောင်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ် မြို့နယ်ချေးငွေလုပ်ငန်းအကြံပေးအဖွဲ့အစည်းအဝေးကျင်းပ

ရွှေတောင် အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်၊  မြို့နယ်ချေးငွေလုပ်ငန်းအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်၊ ရုံးချုပ်အထွေထွေမန်နေဂျာဦးအောင်ကျော်စိုးမှ မြို့နယ်ချေးငွေလုပ်ငန်းများပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော သက်ဆိုင်ရာဌာနဆိုင်ရာများက သိရှိလိုသည်များကို ပြန်လည်မေးမြန်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)