လေးမျက်နှာ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံ၍ နေကြာမျိုးစေ့များ ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးတင်ဦးတို့မှ ဆောင်းသီးနှံနေကြာ မျိုးစေ့များ စုဆောင်းထားရှိမှု အခြေအနေ၊ တောင်သူများသို့ ဖြန့်ဖြူရောင်းချပေးမှုအခြေအနေ များအား အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစောဝင်းရွှေ နှင့် တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်မိုးတို့မှ နေကြာမျိုးစေ့များ ဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်၍ တောင်သူများထံ စိုက်ပျိုးအမီမျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့များလိုအပ်ပါ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် လာရောက်ထုတ်ယူနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့ သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီ အဖွဲ့ ခေါင်းဆောင်များမှ ကျေးရွာအုပ်စုအဖွဲ့ ခေါင်းဆောင်များသို့ နေကြာမျိုးစေ့များ ဖြန့်ဖြူးရောင်းချ ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးတင်ဦး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာအုပ်စုများမှ နေကြာမျိုးစေ့စိုက် တောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူများအတွက် ရတနာရေဆင်းစပ်မျိုးနေကြာ-၁ကို တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း စိုက်ဧက ၆၀၀ စာ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)