မိုးညိုမြို့နယ်တွင် GAHP နှင့် နွားမွေးမြူရေးသင်တန်းဆင်းပွဲပြုလုပ်

မိုးညို         အောက်တိုဘာ       ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် GAHP နှင့် နွားမွေးမြူရေးသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမိုးဇော်ကကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့် ညီညွတ်သောမွေးမြူရေးခြံများ ပေါ်ထွန်းလာစေရေး စနစ်တကျမွေးမြူတတ်စေရေး သင်တန်းပို့ချပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကပို့ချပေးသော မွေးမြူရေးနည်းစနစ်များကိုအသုံးပြု၍ မွေးမြူရေးခြံများတွင် ဆက်လက်စည်းရုံးလုပ်ကိုင်ဆောင်ရွက်နိုင်ရေး သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်ထိဖွင့်လှစ်ခဲ့ရာသင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းသားများအား မွေးမြူရေးခြံသုံးဆေးဝါးများခွဲဝေဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)