ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံးတွင် သီတင်းကျွတ်ကာလ ဆရာသမား ကန်တော့ပွဲနှင့် ဝန်ထမ်းများအား တူညီဝတ်စုံများ ပေးအပ်ပွဲကျင်းပ

ရွှေသောင်ယံ အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် (၁၀)နာရီက သီတင်းကျွတ်ကာလ ဆရာသမားကန်တော့ပွဲနှင့် ဝန်ထမ်းများအား အင်္ကျီ၊ လုံချည် တူညီဝတ်စုံများ ပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

သို့ရာတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်အား ရုံးဝန်ထမ်းများမှ သီတင်းကျွတ်အခါသမယ ဗုဒ္ဓဘာသာယာဉ်ကျေးမှု ထုံးထမ်းစဉ်လာအရ ဆရာသမား ကန်တော့ခြင်း အစီအစဉ်တွင် အထက်လူကြီးအား ကာယကံ၊ မနောကံ၊ ဝစီကံ စသည့် ကံသုံးပါးတို့ဖြင့် ပြစ်မှားမိခဲ့သည်များရှိက ခွင့်လွှတ်ကြေအေးပေးရန် ဝန်ချတောင်းပန်ခဲ့ကြ သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးမှ ဗုဒ္ဓဘာသာဓလေ့ထုံးစံအရ ဆုတောင်းပေး၍ ဩဝါဒစကားများ ပြန်လည်ချီးမြှင့် ခဲ့သည်။ ဆက်လက်၍ ရုံးဝန်ထမ်းအားလုံးအား မြို့အုပ်ချုပ်ရေးမှူးမှ အင်္ကျီ၊ လုံခြည် စသည့်တူညီဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)