ကန်ကြီးထောင့် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပညာရေးဌာနနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာ ရောက်နိုင်သော အနာဂတ်ကြယ်ပွင့်ကလေးငယ်များ ဘဝအလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်း များအရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင် များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် (Mobile Library) အား ယနေ့ နေ့လည်အချိန်က အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ ရသစာအုပ်စာစောင် များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တ တစ်ပတ်လျှင် တစ်ကြိမ်လဲလှယ် စနစ်ဖြင့် ငှားရမ်းပေးလျက်ရှိပြီး ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးကာ ကလေးကဗျာများ၊ ရုပ်ပြ ပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာ တိုးပွားရေး စာအုပ်စာပေများကို စုပေါင်းဖတ်ရှုကြစေရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ငှားရမ်းဖတ်ရှုလေ့လာခဲ့ကြောင်းလည်း သိရသည်။
မဇင် (ပြန်/ဆက်)