အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ စပါးခင်းများအတွင်း ငါးသားပေါက်ကောင်ရေ(၆)သိန်းကျော်စိုက်ထည့်

အုတ်ဖို စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတပေါကြွယ်ဝစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက်စွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်မျိုး စိုက်ထည့်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလအတွင်း စပါးခင်းများ အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၆)သိန်းကျော်  စိုက်ထည့်ခဲ့ကြောင်း အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာထံမှ သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းတွင် အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ လက်ပံတန်းမြို့နယ်မှ စပါးခင်း(၄၂၀)ဧက အတွင်းသို့ ငါးခုံးမကြီးသားပေါက်ကောင်ရေ (၂၁၀၀၀၀)၊ အုတ်ဖိုမြို့နယ် စပါးခင်း(၁၆၀)ဧကအတွင်းသို့ ငါးခုံးမ ကြီး သားပေါက်ကောင်ရေ (၈၀၀၀၀)၊ ကြို့ပင်ကောက်မြို့နယ်မှ စပါးခင်း (၂၂၀)ဧက အတွင်းသို့ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၁၁၀၀၀၀)၊ ဇီးကုန်း မြို့နယ်မှစပါးခင်း (၂၂၀)ဧက အတွင်းသို့ ငါးခုံးမကြီးသားပေါက် ကောင်ရေ (၁၁၀၀၀၀)နှင့် နတ်တလင်းမြို့နယ်မှ စပါးခင်း(၂၂၀)ဧက အတွင်းသို့ ငါးခုံးမကြီးသားပေါက်ကောင်ရေ (၁၁၀၀၀၀) စိုက်ထည့်ခဲ့ရာ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ စခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)