သာပေါင်း အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ Mask Campaign ပြုလုပ်၍ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ပြည်သူများသွားလာစည်ကားရာ သီရိရွှေသာဈေးရှေ့၊ ဧရာဝတီဘဏ်ရှေ့နှင့် မြို့အဝင်၊ အထွက် ပိန္နဲကုန်း စစ်ဆေးရေးဂိတ်တို့မှ Mask များ အခမဲ့ဖြန့်ဝေ တပ်ဆင်ပေးခဲ့ ကြသည်။
ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် အဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဝင်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်တို့က ပြည်သူများအား နေအိမ်ပြင်ပ သို့ ထွက်ခွာသွားလာပါက မဖြစ်မနေ စနစ်တကျ Mask တပ်ဆင်သွားရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားလာကြရန် အသိပညာ ပေးနှိုးဆော် တိုက်တွန်းပြောကြားပြီး Mask တပ်ဆင်လာခြင်းမရှိသော ပြည်သူများအား Mask (၅၀၀)ခု အခမဲ့ ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း