သရက်မြို့၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုင်းဘုတ်စိုက်ထူပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

သရက် အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုင်းဘုတ်စိုက်ထူပွဲနှင့် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့ နံနက် ၈ နာရီခွဲက စည်ပင်သာယာမြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။  အသိပညာပေး လက်ကမ်းစာစောင်တွင် မိဘပြည်သူများအနေဖြင့် နိုင်ငံသားကတ်စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ ၆၆/၆ (အထစ)နှင့်ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဆောင်ရွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အခြားအသိအမှတ်ပြုကတ်ပြား၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာ မြို့နယ်လဝကရုံးများသို့ ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်းနှင့် ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေးစာရင်း (အထစ) ပြုလုပ်ခြင်းများ ပါဝင်ကြောင်း သိရသည်။

ဇော်ထက်(သရက်)