မင်းတုန်း အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများကောက်ယူခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဆေးဆိုင်များတွင်ရောင်းချသည့် အိမ်သုံး ဆေးဝါး (၁၉)မျိုး၏ ဈေးနှုန်းများကောက်ယူခြင်းကို သရက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မင်းတုန်း မြို့နယ်တာဝန်ခံ ဦးကျော်ရွှေနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် 117 အမှတ်တံဆိပ် သစ်သီးယိုစုံ(၂)မျိုး ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ဈေးဆိုင်များအား စစ်ဆေးရာ ရောင်းချမှု မရှိကြောင်းစစ်ဆေး တွေ့ရှိရပြီး အဆိုပါ ကုန်အမှတ်တံဆိပ်အား တင်သွင်းရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)