စာငှားစာဖတ်မိဘပြည်သူများအား အိမ်တိုင်ရာရောက် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များအား ငှားရမ်းပေး

ပလောက်  အောက်တိုဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြေစာရင်းဦးစီးဌာနနှင့် အမှတ်(၃)ရပ် ကွက်အတွင်း ပြည်သူများထံသို့  သွားရောက်ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာချစ်သူစာဖတ်ပရိတ်သတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ် စာအုပ်စာစောင်အသစ်များ သွား ရောက် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သည့် သုတ/ရသစာအုပ်များ၊ ကျန်းမာရေးမဂ္ဂဇင်း စာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက်သွားရောက် ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)