မုံရွာမြို့၌ Gender,CEDAW,NSPAW,UNSCR 1325 တို့အား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မုံရွာ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ  တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မုံရွာခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်မံစီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ခရိုင်အဆင့် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက Gender,CEDAW,NSPAW,UNSCR 1325 အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး အသေးစိတ်ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် အမျိုးသမီးကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက Gender, CEDAW, NSPAW, UNSCR 1325တို့နှင့် စပ်လျဥ်းပြီး ပူးပေါင်းဆောင်ရွက်ကြမည့် အစီအမံများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးအကြံပြုဆွေးနွေးခဲ့ကြပြီးနောက် ဆွေးနွေးမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)