ကျွန်းစု အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းရုံး၊ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သားငယ်သမီးငယ်လေးများက မူကြိုကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကာ အကြီးဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အကြီးဆင့်၊ အငယ်ဆင့် အင်္ဂလိပ်သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ အဖွဲ့လိုက်သီချင်းဆိုပြိုင်ပွဲတို့အား မူကြိုကလေးငယ်လေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။
ဆက်လက်၍ မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်က မိဘဆရာအသင်း ကော်မတီအဖွဲ့ အတည်ပြုခြင်းနှင့် ဘဏ်ငွေစာရင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆုရရှိသောကလေးငယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကာ ကလေးငယ်လေးများမှ ၁၆ နှစ် ၁ ရက်လျော့သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)