ဝါးခယ်မ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက်အတွင်းရှိ လက်လီ လက်ကားရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိနှင့် ကျန်းမာရေးနှင့် ညီညွှတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိခြင်း၊ ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ပါဝင်မှုရှိခြင်းကို စစ်ဆေးတွေ့ရှိရသဖြင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများ ပြည့်မီစွာဖြင့် ရောင်းချနေကြကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ (ပြန်/ဆက်)