မော်လမြိုင်ကျွန်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မော်လမြိုင်ကျွန်း အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များကို သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီ အချိန်က အမှတ်(၁)၊ အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရန် လိုအပ်ပုံ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများထဲမှ အဖြစ်အများဆုံး ပြဿနာများ၊ ယာဉ်ထိခိုက်မှုအန္တရာယ်ဖြစ်စဉ် (၁၁)ချက်များကို ရှင်းလင်းဆွေးပြီး မော်လမြိုင်ကျွန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှ စခန်းမှူး ဦးတင်ထွဋ်က ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ဟောပြောပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရတနာမော်က သက်ငယ်မုဒိန်းမှု ဖြစ်ပွားရ သည့် အကြောင်းရင်းများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးခိုင်ထွန်းဇော်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ဆရာမများအား အခမဲ့ကွင်းဆင်း‌ ဆေးကုသပေးခဲ့ကြောင်း သိရ သည်။

ဇော်ဝင်းထွန်း(ပြန်/ဆက်)