မင်းကင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

မင်ကင်း အောက်တိုဘာ ၆

မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် မင်းကင်းမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက်  တန်ဖိုးသင့် စားသောက်ကုန်များကို  ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်  ၆ နာရီ အချိန်က မင်းကင်းမြို့၊ အမှတ်(၃)ရပ်ကွက်​​၊ သလဘာကျေးရွာနှင်ကျေးတောင်ဦးလမ်းဆုံ၌  ရောင်းချပေးခဲ့ကြရာ  ဒေသခံပြည်သူများ  လာရောက်ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။

မင်းကင်းမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့အနေဖြင့် အိမ်ထောင်စု တစ်စုအတွက် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥ(၄)လုံး၊ အာလူးအစိတ်သား၊ ( ၄ )မျိုး အတွက် စုစုပေါင်း ကျသင့်ငွေကျပ်  ၃၀၀၀ နှုန်းဖြင့် ဒေသခံပြည်သူများ သက်သာချောင်ချိရေး ရောင်းချပေးလျက်ရှိရာ ယနေ့တွင် အိမ်ထောင်စုပေါင်း ၃၀၀ ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လှငွေ(မင်းကင်း)