ပေါင်းတည် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် နှစ်စဉ်သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စတုဒီသာ အလှူအတန်းများပြုလုပ်လေ့ရှိရာ ယခုကာလသည် ဝါကျွတ်ပွဲတော်နီးကပ်လာသည်နှင့်အညီ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ အလှူအတန်းများ၌ ကောက်ညှင်းမုန့်များပြုလုပ်၍ ကျွေးမွေးလှူဒါန်းရန် ကောက်ညှင်းဆန်များ ဝယ်ယူသူများပြားလျက်ရှိကြောင်းသိရသည်။
ပေါင်းတည်မြို့ရှိ မြို့မစျေး၊ ရွှေတည်စျေးနှင့်ရပ်ကွက်များအတွင်း ရောင်းချနေသော ဆန်ဆိုင်များတွင် ကောက်ညှင်းငချိပ် ၈ လုံး တစ်ပြည်လျှင် ၂၆၀၀/-ကျပ်နှင့် ကောက်ညှင်းအဖြူ တစ်ပြည်လျှင် ၂၈၀၀/-ကျပ် စျေးနှုန်းဖြင့် ရောင်းအားကောင်းနေကြောင်း သိရသည်။
သူရကြီး( ပြန်/ဆက် )