မြိုင်မြို့တွင် ဒေသခံပြည်သူများ တန်ဖိုးသင့် အခြေခံစားကုန်ဆန်များရောင်းချပေး

မြိုင် အောက်တိုဘာ ၆

မကွေတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် ဒေသခံပြည်သူများ ပိုမိုအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်ကို အောက်တိုဘာလ ၆ရက်နေ့နံနက်ပိုင်းက မြိုင်မြို့ရှိ အ.ထ.က(၂)ကျောင်းအနီးတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည်။

အဆိုပါတန်ဖိုးသင့် အခြေခံစားသောက်ကုန်ဆန်ရောင်းချမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွေးချစ်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်ထွေ/ အုပ်ဦးစီးဌာနမှ ဝန်ထမ်းများ၊

စည်ပင်သာယာရေးအဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊စိုက်ပျိုးရေးဦးစီးဌာနနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အခြေခံလူတန်းစားများ ပိုမိုအဆင်ပြေစေရန်အတွက် တန်ဖိုးသင့် အခြေခံဆန်များ အားရောင်းချပေးသည်။

အခြေခံစားသောက်ကုန် ဆန်ရောင်းချရာတွင် ပဒေသာဆန် တစ်ပြည်လျှင်(၂၂၀၀/-) ကျပ်နှုန်းနှင့် မနောသုခဆန် တစ်ပြည်လျှင် (၂၀၀၀)ကျပ်နှုန်းတို့ဖြင့်ရောင်းချခဲ့ရာ ဒေသခံပြည်သူများ ဝမ်းမြောက်ဝမ်းသာဝယ်ယူခဲ့ကြကြောင်း သိရသည်။

ခါနု (ပြန်/ ဆက်)